Blog နဲ့ဝေးနေတာ အတော်ကြာပြီ ။ ကျောင်းစာတွေ ၊ နောက်ဖတ်စရာ စာတွေကြောင့် Blog ရေးတဲ့ဘက်ကို မရောက်ဖြစ်တော့ ။ ခုတော့ တစ်ခုခုတင်မှဖြစ်မယ် (တင်မယ်တင်မယ် နဲ့ ပြောနေတာကြာပြီ ) ဆိုပြီး အသစ်ကလည်း မရှိတော့ အရင်ရေးထားတဲ့ ကဗျာတွေထဲက တစ်ပုဒ်ကို တင်လိုက်တယ် ။ တကယ်တော့ ကျတော်ဟာ ကဗျာနဲ့ဝေးပါတယ် ။ ဖတ်မိတာများပေမယ့် အချို့ကဗျာတွေကို သာမန်လောက်သာခံစားတတ် တယ် ။ ကိုယ်တိုင်ရေးတော့လည်း ကိုယ့်ကိုကိုယ် အားမရ (ကျတော့်ကဗျာတွေကို ကာရန်မကိုက်ဘူး ၊ ရှေ့နောက်မညီဘူးလို့ ခင်မင်သူတစ်ယောက်က ဝေဖန်ဖူးတယ်)။ ဒါပေမယ့် ကဗျာဟာ စာဆိုရဲ့ စိတ်ကို အရိပ်အထင်ရဆုံး ကြေးမုံပြင်လို့တော့ ခံယူထားတယ်။ ကျတော်က ကဗျာဆို ဒဂုန်တာရာ ၊ ကြည်အေး ၊ မအိ နဲ့ အန်တီငြိမ်းတို့ရဲ့ ရေးဟန်ကို သိပ်သဘောကျတယ် ။ ကာရန်တော့ အကိုက်ကြီးမဟုတ်ပေမယ့် သုံးတဲ့စကားလုံးတွေဟာ သိပ်သည်းကျစ်လစ်ပြီး ထိရောက်တယ် ။ဒါကြောင့် ကျတော်က သည်ဟန်ကို အတတ်နိုင်ဆုံး အတုခိုးပြီး ကဗျာရေးတယ် ။
အခုကဗျာက မှတ်မှတ်ရရ သြဂုတ်လ (၁၁) ရက် ကရေးခဲ့တာ။ အဲသည်တုန်းက ခံစားချက်နဲ့ပေါ့ ။ အခုပြန်ဖတ်တော့ သိပ်သဘောမကျလှ ။ တစ်ခုခုလိုနေသလိုပဲ … ။ နောက်နည်းနည်းတော့ ထပ်ပြင်ထားသေးတယ် ။ ခံစားကြည့်ပါဦး …. ။
(အဲ …… ခွင့်မတောင်းပဲ သရုပ်ဖော်ပုံ ယူသုံးထားတယ် ၊ ခွင်ြ့ပုပါဗျ နော် …. )
အိပ်မက်အတွေး
မိုးပုလဲဖျောက်ဖျောက်
သည်မှာနှောက်လည်း
ဟိုဝေးတစ်နေ မယ့်တို့ဆီမှာ
ဆီးနှင်းမြမြ ကျရဲ့မှုတ်လား ။
မိုးသံတိုးဝင်
မောင့်ရင်ရိုက်ဟည်း
သိမ့်သိမ့်တည်းမျှ
အမှောင်ရိပ်မှာ ရှိုက်ငိုရလည်း
ဆောင်းရဲ့ရင်ခွင်
မြူမှုန်ရစ်ဝဲ ဆည်းဆာထဲမှ
ချစ်သူ့နဘေး
ရယ်သံသိမ့်အေးညီ
အချစ်တေးကို မင်းသီနေတာ
မောင်ကြားတယ် ။
စက္ကူကြိုးကြာ
အရောင်စုံပါရဲ့
များစွားမောင်ခေါက်
တစ်ထောင်ပြည့်တဲ့ တစ်နေ့မှာ
လိုရာချစ်ဆု တောင်းတိုင်းပြည့်တဲ့
အရူးစကား မင်းဆိုခဲ့ငြားလည်း
ပြည့်ကောင်းပြည့်နိုင်လောက်ပါရဲ့ …
မျှော်လင့်မိတဲ့ ရူးသွပ်သူဟာ
မောင်ပါပဲ ကွယ်… ။
သည်နေ့အခါ ပုလင်းပြာထဲ
နောက်ဆုံးထည့်ခဲ့ တစ်ထောင်ပြည့်မြောက်
အ၀ါရောင်ငှက် …. တောင်ပံလွင့်လို့ ဝေးကိုဆန်
ဘုရားသခင်ထံ သည်မောင့်ဆုတောင်း
ဆောင်ယူသွားကောင်းပါရဲ့ .... ။
တောင်းဆုပြည့်ခဲ့ သည်ချိန်မှာဆို
ညနေချမ်း မေ့ဆံပင်တွေဖြန့်ထားလိုက်စမ်း …
အဖော်မပါ တစ်ယောက်ထည်းရပ် တန်းလက်ဆန့်ပြီး
အပြုံးချိုချို မောင့်ကိုကြိုနော် … ။
သည့်နောက်မှာတော့ ..
“ချစ်ရသူ ချစ်တုန့်ပြန်မည်လား”
မောင့်အသံ စည်းဝါးရိုက်လို့
မေ့ရင်တုန်ရီရွစမ်း ..
သည်အဖြေပန်းကို
အနမ်းနဲ့သာ ခွန်းတုံ့ပါကွယ် ….. ။ ။
သည်မှာနှောက်လည်း
ဟိုဝေးတစ်နေ မယ့်တို့ဆီမှာ
ဆီးနှင်းမြမြ ကျရဲ့မှုတ်လား ။
မိုးသံတိုးဝင်
မောင့်ရင်ရိုက်ဟည်း
သိမ့်သိမ့်တည်းမျှ
အမှောင်ရိပ်မှာ ရှိုက်ငိုရလည်း
ဆောင်းရဲ့ရင်ခွင်
မြူမှုန်ရစ်ဝဲ ဆည်းဆာထဲမှ
ချစ်သူ့နဘေး
ရယ်သံသိမ့်အေးညီ
အချစ်တေးကို မင်းသီနေတာ
မောင်ကြားတယ် ။
စက္ကူကြိုးကြာ
အရောင်စုံပါရဲ့
များစွားမောင်ခေါက်
တစ်ထောင်ပြည့်တဲ့ တစ်နေ့မှာ
လိုရာချစ်ဆု တောင်းတိုင်းပြည့်တဲ့
အရူးစကား မင်းဆိုခဲ့ငြားလည်း
ပြည့်ကောင်းပြည့်နိုင်လောက်ပါရဲ့ …
မျှော်လင့်မိတဲ့ ရူးသွပ်သူဟာ
မောင်ပါပဲ ကွယ်… ။
သည်နေ့အခါ ပုလင်းပြာထဲ
နောက်ဆုံးထည့်ခဲ့ တစ်ထောင်ပြည့်မြောက်
အ၀ါရောင်ငှက် …. တောင်ပံလွင့်လို့ ဝေးကိုဆန်
ဘုရားသခင်ထံ သည်မောင့်ဆုတောင်း
ဆောင်ယူသွားကောင်းပါရဲ့ .... ။
တောင်းဆုပြည့်ခဲ့ သည်ချိန်မှာဆို
ညနေချမ်း မေ့ဆံပင်တွေဖြန့်ထားလိုက်စမ်း …
အဖော်မပါ တစ်ယောက်ထည်းရပ် တန်းလက်ဆန့်ပြီး
အပြုံးချိုချို မောင့်ကိုကြိုနော် … ။
သည့်နောက်မှာတော့ ..
“ချစ်ရသူ ချစ်တုန့်ပြန်မည်လား”
မောင့်အသံ စည်းဝါးရိုက်လို့
မေ့ရင်တုန်ရီရွစမ်း ..
သည်အဖြေပန်းကို
အနမ်းနဲ့သာ ခွန်းတုံ့ပါကွယ် ….. ။ ။
အောင်ဖြိုး
(၁၁ သြဂုတ် ၊ ၂၀၀၈)
(၁၁ သြဂုတ် ၊ ၂၀၀၈)